
~ အိပ်တန်းပြန် ငှက်ကလေးတွေကို မြင်တိုင်း
သား သူတို့ကို အားကျမိတယ် မေမေ ...
နေဝင်ချန်တွေ ရောက်တိုင်း သူတို့တွေ
ပြန်သန်းသွားတာ သူတို့နေတဲ့
... အသိုက်အမြုံ လေးဆီကိုပေါ့နော်...မေမေ........
~ သားကတော့ အမေ့အိမ်နဲ့ ဝေး
အခု တစ်နယ်တကျေးမှာ မေမေ
ငှက်ကလေးတွေ လို ပြန်သန်းဖို့
အမေ့ အိမ်ကို လွမ်းလို့ပါ မေမေ..........
~ သားလက်နှစ်ဖက်သာ
ငှက်ကလေးတွေလို
တောင်ပံ နှစ်ခက် ဖြစ်ရင်
သိပ် ကောင်းမှာ ပဲ မေမေ
သူတို့ လို ပြန်သန်း
အမေ့ အိမ်ကိုမှန်းပြီ
သား အရောက်လှမ်းလို့
ပြန်ခဲ့ချင်လို့်ပါ် မေမေ............
~ အိပ်တန်းပြန် ငှက်ကလေးတွေ မြင်တိုင်း
သား အမြဲ ဆုတောင်းမိတယ် မေမေ
သား လဲ တစ်နေ့ အမေ့ အိမ်ကလေး ဆီကို
သူတို့ လို ပြန်သန်း နိုင်ပါစေလို့..........
ပုံရိပ်ချို.....
ဒီမှာကျွန်တော်ရဲ့ မူရင်းလင့်ကိုဖတ်ရှုနိုင်ပါသည်>>>>>>









